အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2021
မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်တွင်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသိပညာ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကပြန်ကြားရေးနှင့်မြို့နယ် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များသို့လှည်လည်ကြော်ငြာခဲ့ကြောင်းသိရသည်။
Jul 22,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်ချက်များပြားလာသဖြင့် အရေးပေါ်လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန်အတွက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ 40L အောက်ဆီဂျင်အိုး(၂၅)လုံးအား လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
Jul 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးနှင့် ဆေးကု သမှုခံယူနေသော အတည်ပြုလူနာများအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ ထောက်ပံ့ ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
Jul 22,2021

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်း ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျန်းမာရေး ဌာနများမှ ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

Jul 22,2021

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန်အ တွက် အောက်ဆီဂျင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက် သွားနိုင်ရေး အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

Jul 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင်ဆောင်ရွက်ခဲ့သည်။