ချင်းရွှေဟော် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နေ့လည်(၁၂)နာရီအချိန်က အောက်ဆီဂျင်အိုး အလွတ်(၁၅၂၉)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများဖြစ်သည့် အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator)(၁၀၅၉)ခု၊ နှာခေါင်းစည်း(Mask)(၆၉၁၆)ဖာ၊ တရုတ်နိုင်ငံထုတ် “Lianhua Qingwen Capsules”စာတန်းပါ ဆေးဖာ (၁)ဖာလျှင်(၄၀၀)ဗူးပါသည့် (၃၀၀)ဖာနှင့် ဆက်စပ် ဆေးပစ္စည်း(၂၉၈)ဖာများ တင်ဆောင်လာသည့်မော်တော်ယာဉ်များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော အောက်ဆီဂျင်အိုး(၁၅၂၉)လုံးနှင့် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ချင်းရွှေဟော်မြို့ရှိ စီတိုဂိုဒေါင်နှင့် ကွမ်းလုံမြို့နယ်၊ ရွှေကူ ဝကျေးရွာရှိ ရွှေသံလွင်ဂိုဒေါင်၊ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေတြိဂံဂိုဒေါင်၊ ဂူဂျားဂိုဒေါင်စသည့် ဂိုဒေါင် အသီးသီးတွင်ခေတ္တချထားပြီး ၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမြို့နယ်များသို့ ဆက်လက် ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ တင်သွင်းလာခဲ့သည့် ကျန်းမာရေးအထောက် အကူပစ္စည်း များမှာ ဇူလိုင် ၁၅ ရက်နေ့ မှ ဇူလိုင် ၂၂ ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်အထိ တစ်လုံးလျှင် အောက်ဆီဂျင်(၄၀)လီတာဆန့် အောက်ဆီဂျင်အိုး အလွတ် စုစုပေါင်း(၁၀၂၀၉)လုံး ၊ တစ်လုံးလျှင် အောက်ဆီဂျင် (၁၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ်(၄၀)လုံး၊ အိမ်သုံးအောက် ဆီဂျင်စက်(Oxygen Concentrator)(၁၁၂၀)ခု၊ နှာခေါင်းစည်း (Mask)(၁၄၉၀၀)ဖာ ၊ ဆေးဖာ(၅၈၀)ဖာ၊ အောက်ဆီဂျင် လက်ညိှုးညှပ် တိုင်းစက်(၁)ဖာလျှင်(၉၆)ခုပါ(၈)ဖာ၊ Oxygen Plant စက်ကြီး(၂)လုံးနှင့် ဆက်စပ် ဆေးပစ္စည်း(၂၉၈)ဖာများ ဝင်ရောက်လာခဲ့ပြီးဖြစ် ကြောင်းသိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)