အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ရည်ရွယ်ပြီး မြို့မပျံကျစျေးမှ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက် ပျံကျစျေးတန်းများကို ယနေ့မှစ၍ ရသေ့တောင် - ပုဏ္ဏားကျွန်းကာလမ်းမဘေးသို့ ယာယီပြောင်းရွှေ့ ရောင်း ချလျက်ရှိကြောင်း သိရသည်။ ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဘိုလန်ဒီယာ လူငယ်များပူးပေါင်း၍ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်ပျံကျ စျေးတန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ စျေးရောင်း၊ စျေးဝယ်ပြည်သူများမှ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ စျေးရောင်း၊စျေးဝယ်ပြုလုပ်စေခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေ အကွာရောင်းချစေခြင်းများကို စျေးအတွင်းလိုက်လံနှိုးဆော်ခဲ့ကြပြီး နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel)များထားရှိပေးခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Jul 22,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်နေသောပြည် သူများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲမရှိစေရန် ဒေသခံ ပြည်သူများ၏လှူဒါန်းမှုဖြင့်အောက်ဆီဂျင်စက်ရုံကို ဩဂုတ်လကုန်ပိုင်းတွင် ဝယ်ယူတပ်ဆင်မည်ဖြစ်၍ စက်ရုံ တည်ဆောက်မည့် နေရာအား မြို့နယ်တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
Jul 22,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နှင့် ကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ‌ဆောင်ရွက်ခဲ့သည်။
Jul 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID -19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန်ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောက်စီဂျင် စက်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jul 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နေ့လည်(၁၂)နာရီအချိန်က အောက်ဆီဂျင်အိုး အလွတ်(၁၅၂၉)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများဖြစ်သည့် အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator)(၁၀၅၉)ခု၊ နှာခေါင်းစည်း (Mask)(၆၉၁၆)ဖာ၊ တရုတ်နိုင်ငံထုတ် “Lianhua Qingwen Capsules”စာတန်းပါ ဆေးဖာ (၁)ဖာလျှင်(၄၀၀)ဗူးပါသည့် (၃၀၀)ဖာနှင့် ဆက်စပ် ဆေးပစ္စည်း(၂၉၈)ဖာများ တင်ဆောင်လာသည့်မော်တော်ယာဉ်များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Jul 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတားအား ပြည်သူများ အမြန်ယာယီသွားလာနိုင်ရန် ယနေ့အထိ ပြုပြင်နေလျက် ရှိကြသည်။
Jul 22,2021

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့်အသိပညာပေးလှည့်လည်နှိုးဆောင်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် ယမန်နေ့ ည ၇ နာရီမှ စတင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနိုးဆော်ခဲ့သည်။