ဘူးသီးတောင် ဇူလိုင် ၂၂
မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်တွင်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသိပညာ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကပြန်ကြားရေးနှင့်မြို့နယ် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များသို့လှည်လည်ကြော်ငြာခဲ့ကြောင်းသိရသည်။
ထိုသို့ကြော်ငြာရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူများပြားလာသည့်အတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရမှုမရှိရေး နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်စည်း(Mask)စနစ်တကျတပ်ဆင်သွားလာ ကြရန်စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ကြည်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက် ပေအကွာနေထိုင်စေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် အား အင်ကုန်းခမ်းခြင်းများစသည့် ရောဂါလက္ခဏာ များဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသ မှုခံယူကြရန်လိုအပ်ကြောင်းစသည့် အကြောင်းအရာ များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက်မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ မြို့တွင်းလမ်းဆုံ၊ လမ်းခွနေရာများ၌ အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးကြော်ငြာ ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)