ဆွမ်ပရာဘွမ် ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့်အသိပညာပေးလှည့်လည်နှိုးဆောင်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် ယမန်နေ့ ည ၇ နာရီမှ စတင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနိုးဆော်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီနေထိုင်ကြရန်၊ အပြင်ထွက်တိုင်း (Mask) တပ် ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြောသန့်စင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေထိုင်ကြရန်၊ လူစု လူဝေး လုံးဝရှောင်ကြဉ်ကြရန်၊ Stay at Home နယ်မြေများမှ ပြန်လာသူများအနေဖြင့် Quarantine လုပ်ငန်း စဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ကြရန်၊ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင်လည်း ပူးပေါင်း ပါဝင်ကြရန် ၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းရှောင်ကြဉ်ကြရန်နှင့်မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ သတ် မှတ်ထားသော စည်းကမ်းချက် (၁၄) ချက်ကို လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
“ကိုဗစ်-၁၉ ရောဂါမိမိကစ၍ ကာကွယ်ပါ ” ဆောင်ပုဒ်နဲ့အညီနေထိုင်သွားကြရန် အသိပညာပေး လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင် ဦးဆောင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေး၊ မြို့နယ်ပညာရေး၊ မြို့နယ်MPTနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်စာရေးများက နေစဉ် နံနက် (၈) နာရီ တစ်ကြိမ် ၊ ညနေ(၇)နာရီတစ်ကြိမ် တစ်နေ့နှစ်ကြိမ် အသံချဲ့စက်ဖြင့်အသိပညာပေးလှည့်လှည်နှိုးဆော်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)