Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကြီးအုံကြီးဝတမံ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေအား သွားရောက်ကြည့်ရှု
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါကာ ပွင့်ဖြူ မြို့နယ်၊ ကြီးအုံကြီးဝ ရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆည်အတွင်း လက်ရှိရေဝင်ရောက်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နှိုင်မှု အခြေအနေနှင့် ရေကြီးရေလျှံမှုဖြစ်ပွားပါက ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်အပေါ် ရေဘေး အန္တရာယ်မဖြစ် ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက် သင့်သည်များကို လျှင်မြန်စွာ ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိရန်မှာကြား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလိုက်နာရမည့်အချက်များ ပြည်သူ များ သိရှိစေရန်အသိပညာ ပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစ…
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများ တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီ၌ ဖလံဗိုလ်ကျေးရွာအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအများ ပူးပေါင်း ပါဝင်လာစေရေး အသိပညာပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့သစ်မြို့၊ တမူး-စေတီကားလမ်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအသင်းဝင် ၇၁ဦးကို ငွေကျပ် ၃၁၂ သိန်း ပြန်လည်ထုတ်ချေးပေး
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေ ဒုတိယအကြိမ် ပြန်လည် ထုတ်ချေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၄) ဦး ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၁၉) ဦး…
Aug 09,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီသီးသန့် ကုသဆောင်တို့တွင် သီးသန့်ထားရှိ ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအနက်မှ ၄ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇၆)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ
Aug 09,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇၆)ဦးကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန် က တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေ:စွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များက လှူဒါန်း
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မြို့နေပြည်သူ(၃၈၄၆)ဦးအား တစ်ကြိမ်စီ ထိုးနှံ့ပေးပြီးဖြစ်
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက် ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ရဟန်းသံဃာ သာသနာ့ ဝန်ထမ်းများ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ခရိုင်ပြည်သူ့ ကျန်းမာရေးဌာန၏ ယမန်နေ့ စာရင်းအရ(၃၈၄၆)ဦးအား ထိုးနှံ့ပေးပြီး ဖြစ်ကာ ယနေ့အထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26027
Page
26028
Page
26029
Page
26030
Current page
26031
Page
26032
Page
26033
Page
26034
Page
26035
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department