မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာ ပေး နှိုးဆော်

မြိုင် ဇူလိုင် ၂၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး
နှင့် ကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး
အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင်
‌ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိဘပြည်သူများအနေဖြင့်
 ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်တွင်သာနေထိုင်ကြရန်၊ လူစုလူဝေးများ
မပြုလုပ်ရန်၊ မလိုအပ်ပဲ အပြင်သို့လုံးဝမထွက်ကြပါရန် နှင့် မဖြစ်မနေထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းများတပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ကြပါရန်၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကိုတိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ အကယ်၍ အဆိုပါထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

 

သူရ(ပုံတောင်)