ကျောက်ကြီး ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်နေသောပြည် သူများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲမရှိစေရန် ဒေသခံ ပြည်သူများ၏လှူဒါန်းမှုဖြင့်အောက်ဆီဂျင်စက်ရုံကို ဩဂုတ်လကုန်ပိုင်းတွင် ဝယ်ယူတပ်ဆင်မည်ဖြစ်၍ စက်ရုံ တည်ဆောက်မည့် နေရာအား မြို့နယ်တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်ရှိနာယကဆရာတော်များ၊မြို့မိမြို့ဖများ၊အကျိုးဆောင်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများပူးပေါင်း၍သိန်း(၄၀၀)ခန့်အလှူခံရရှိထားပြီးအဆိုပါအောက်ဆီဂျင်စက်ရုံအားသိန်တန်းရပ်ကွက်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ရုံးဝန်းအတွင်း(၀.၁၆) ဧကရှိမြေလွတ်နေရာတွင်တည်ဆောက်မည်ဖြစ်၍ ခန့်မှန်းကုန်ကျ
ငွေမှာသိန်း(၇၀၀)ခန့်ကုန်ကျမည်ဖြစ်သည်။အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးပါကတစ်ရက်လျှင်ထုတ်လုပ်နိုင်မှု(၄၀)လီတာ၊ အိုး(၄၀)လုံးထွက်ရှိမည်ဖြစ်၍ကျောက်ကြီးမြို့နယ်အနေဖြင့်တစ်နေ့တာလိုအပ်ချက်(၂၀)လုံး ခန့်လိုအပ် မည်ဖြစ်ကြောင်းခန့်မှန်းထားသည်။
ကျောက်ကြီး၊မုန်း၊နတ်သံကွင်းဒေသရှိအောက်ဆီဂျင်လိုအပ်နေသောပြည်သူများအောက်ဆီဂျင်ပြတ် လပ်မှုမရှိစေရေးအတွက်ဒေသခံပြည်သူများ၏မတည်လှူဒါန်းငွေဖြင့်အောက်ဆီဂျင်စက်ရုံအားအမြန် ဆုံးအ
ကောင်အထည်ဖော်တည်ဆောက်ရန်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌမှကွင်းဆင်း ကြည့်ရှုပြီးမှာကြားခဲ့ကြောင်းသိရသည်။