Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဆန်များ အခမဲ့ပေးဝေမှု ပြီးစီး
Jul 23,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဉီးဆောင်ပြီး မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုဖြင့်၂၈-၆-၂၀၂၁ ရက်နေ့မှ ၂၂-၇-၂၀၂၁ရက်နေ့အထိ ပြည်သူများသို့ အခမဲ့ ဆန်ဖြန့်ဝေမှုကို ယမန်နေ့ကပြီးစီးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းထံမှ သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာ၊ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် Medical Oxygen မ…
Jul 23,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ (တတိယလှိုင်း) စတင်ကူးစက်ပြန့်ပွားမှု မရှိသေးမီကာလကပင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို အလေးထား ဆောင်ရွက်ခဲ့သည်။ ရောဂါစတင်ကူးစက်မှုဖြစ်ပွားလာသည့်
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားကျိုးကျမှု ဖြစ်ပွား
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားကျိုးကျမှု ယနေ့ နံနက်(၈) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်အိုးများ ဝယ်ယူဖြစ်မြောက်ရေးအတွက် စေတနာအလှူရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိ
Jul 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် အောက်ဆီဂျင် လိုအပ်သူများအတွက် မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေများ ကောက်ခံလျက်ရှိရာ စေတနာရှင် အလှူရှင်များ၊ ဆရာတော်သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများက ပါဝင်လှူဒါန်းကြရာ ယနေ့အထိ ငွေကျပ် သိန်း ၆၀ ကျော်ခန့် အလှူခံရရှိပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ တံတားတစ်စင်း ရေကျော်နစ်မြုပ်
Jul 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေနှင့်မြစ်ရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ကားလမ်းပေါ်သို့ ရေကျော်လွှမ်းခဲ့ပြီး ကားလမ်းပေါ်ရှိတံတားတစ်စင်းမှာလည်း (၃)ပေခန့် ရေကျော်နစ်မြုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် မော်တော်ကားငယ်များ ဖြတ်သန်းသွားလာရန် မလွယ်ကူကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆေးရုံများသို့ ဖြန့်ဝေလှူဒါန်းရန် အလှူရှင်များက ထိုင်းနိုင်ငံမှ ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင်အိုးများ ထားဝယ်မြို့၊ အာယုဒ…
Jul 23,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တပ်မတော်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အလှူရှင်များက ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင်အိုးများသည် ထိုင်းနိုင်ငံ၊ ထီးခီးနယ်စပ်မှ တစ်ဆင့် ထားဝယ်မြို့၊ အာယုဒါနအောက်ဆီဂျင်ထုတ်စက်ရုံသို့ ရောက်ရှိကာ အဆိုပါစက်ရုံတွင် ထားရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျ ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင် ရွက်ရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖ…
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရေးနည်းလမ်းများကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26003
Page
26004
Page
26005
Page
26006
Current page
26007
Page
26008
Page
26009
Page
26010
Page
26011
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department