ထားဝယ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တပ်မတော်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အလှူရှင်များက ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင်အိုးများသည် ထိုင်းနိုင်ငံ၊ ထီးခီးနယ်စပ်မှ တစ်ဆင့် ထားဝယ်မြို့၊ အာယုဒါနအောက်ဆီဂျင်ထုတ်စက်ရုံသို့ ရောက်ရှိကာ အဆိုပါစက်ရုံတွင် ထားရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျ ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ဇူလိုင် ၁၉ ရက်နေ့အထိ ပိုးတွေ့(၂၆၀၂)ဦး၊ ဆေးရုံဆင်း(၁၇၂၂)ဦး၊ သေဆုံးသူ ထားဝယ်ခရိုင်တွင် (၁၀)ဦး၊ မြိတ်ခရိုင်တွင်(၁၅)ဦး၊ ကော့သောင်းခရိုင်တွင်(၃)ဦး စုစုပေါင်း(၂၈)ဦးရှိပြီး ဖြစ်ကြောင်း၊ ဇူလိုင်(၁၉)ရက်နေ့ တစ်ရက်အတွင်း ထားဝယ်ခရိုင်တွင်ျ (၃၂)ဦး၊ မြိတ်ခရိုင်တွင် (၂၀)ဦး၊ ကော့သောင်းခရိုင်တွင် (၃၃)ဦးကူးစက်ခံရကြောင်း၊ တနင်္သာရီတိုင်းဒေ သကြီး ကိုဗစ်စင်တာ(၁၀၂)ခု၊ ဝင်ဆံ့ဦးရေ(၂၀၃၉)ဦး၊ Positive Centre (၁၈)ခု၊ ဝင်ဆံ့ဦးရေ(၇၅)ဦး၊ ကုသရေးစင်တာ(၂၄)ခု၊ ဦးရေ(၅၉၉)ဦးထားရှိနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျထံမှ သိရသည်။
လက်ရှိတွင် ကိုဗစ်လူနာနှင့် အခြားလူနာများ အောက်ဆီဂျင်သုံးစွဲသူဦးရေ (၅၈)ဦးရှိပြီး အောက်ဆီဂျင် အိုးလုံးရေအားဖြင့် (၉၄)ဦးရှိသဖြင့် လူတစ်ဦးလျှင် ပျမ်းမျှ (၂)လုံး နှုန်းသုံးစွဲနေရ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်ဆီဂျင်အိုးနှင့် Mask လုံလုံလောက် လောက်ရှိ ကြောင်း၊ ထားဝယ်မြို့၊ အာယုဒါနအောက်ဆီဂျင်ထုတ်စက်ရုံတွင် အောက်စီဂျင်အိုး (၄၀) လီတာဝင် လုံးရေ (၄၀)ထားရှိကြောင်း၊ မြိတ်ခရိုင်ရှိ အောက်ဆီဂျင်စက် အကြီးမှာ တစ်ရက်လျှင် (၄၀)လီတာ ဝင် အလုံး(၂၀၀)ထွက်ရှိကြောင်း၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး၊ လုံလုံလောက်လောက် ထားရှိနိုင်ရေးအတွက် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် (၁)ရက်လျှင် ၄၀ လီတာဝင် အိုးကြီး (၇၀)ကျသည့် စက်ကို ထားဝယ်တွင် ထားရှိမည်ဖြစ်ကြောင်း၊ အလားတူ ကော့သောင်းမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအမံ၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် (၇၀)လီတာဝင် စက်ကြီး(၁)လုံး ထားရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျထံမှ သိရှိရသည်။
ကျော်ကျော်လတ်