ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေနှင့်မြစ်ရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ကားလမ်းပေါ်သို့ ရေကျော်လွှမ်းခဲ့ပြီး ကားလမ်းပေါ်ရှိတံတားတစ်စင်းမှာလည်း (၃)ပေခန့် ရေကျော်နစ်မြုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် မော်တော်ကားငယ်များ ဖြတ်သန်းသွားလာရန် မလွယ်ကူကြောင်းသိရသည်။
အဆိုပါရေကျော်နစ်မြုပ်လျက်ရှိသည့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ တံတားမှာ ကြာအင်းဆိပ်ကြီးမြို့မှ နှစ်မိုင်ကျော်ခန့်ရှိ နတ်ချောင်းကမ်းနားကျေးရွာအုပ်စု ချောင်းဝကျေးရွာ ရွာအထွက်ရှိချောင်းလက်တက်မှ ဇမိမြစ်သို့အဝင် ဇမိမြစ်ဝအနီးရှိ ချောင်းလက်တက် ချောင်းကူးတံတားဖြစ်ပြီး ကားလမ်းပေါ်နှင့်တံတားအပေါ်သို့ အလျားပေ (၃၀၀)ကျော် အရှည်အကွာအဝေးခန့် ရေကျော်လွှမ်းကာ နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး