ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဉီးဆောင်ပြီး မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုဖြင့်၂၈-၆-၂၀၂၁ ရက်နေ့မှ ၂၂-၇-၂၀၂၁ရက်နေ့အထိ ပြည်သူများသို့ အခမဲ့ ဆန်ဖြန့်ဝေမှုကို ယမန်နေ့ကပြီးစီးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းထံမှ သိရပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အမှတ်(၇၉၊ ၉၁၊ ၈၇၊ ၈၈၊ ၁၆၈၊ ၉၃၊ ၆၇၊ ၆၀၊ ၆၁၊ ၉၀၊ ၈၉၊ ၅၈၊ ၆၈၊ ၆၉) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၅၂၄၉၆)အတွက် ဆန်အိတ် (၂၆၂၄၈)အိတ်ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။