အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘန်းကျေးရွာတံတားကို ယမန်နေ့ ညနေပိုင်းက ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် လူနှင့် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 
Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများမှ ဆောင်ရွက်လျှက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ခုနှစ်ခုအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ယမန်နေ့က Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စျေးသည်များအသင်းမှ Mobile Market စျေးကားများ၊ သုံးဘီးယာဉ်များ၊ အနှေးယာဉ်ဆိုက္ကားများဖြင့် ယနေ့နံနက်ပိုင်းတွင် သာယာဝတီ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများ စားဝတ်နေရေး အဆင်ပြေချော့မွေ့စေရေး အတွက် မိမိတို့နေအိမ်ရှေ့တွင် အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် လှည့်လည် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
Jul 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 23,2021
ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာ ခံစားနေရသူများအတွက် ဆေးကုသမှု ခံယူရန် အရေးပေါ် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊  စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့နယ်၊   ထီးဆောင်းစံပြကျေးရွာ    ရွှေရတုတိပိဋက  စက္ခုပါလ မျက်စိဆေးရုံဝင်း အတွင်း အဆောက်အဦး စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရှိရသည်။
Jul 23,2021
သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type) Oxygen Plant စက်အား သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင်  တပ်ဆင်လျက်ရှိပြီး မကြာမီ Oxygen များ ထုတ်လုပ်​နိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
Jul 23,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ယနေ့အခြေအနေထိ အောက်ဆီဂျင် လုံလောက်မှုရှိနေကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောသည်။
Jul 23,2021
မြဝတီနယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင်အရည် တန်၂၀ သယ်ဆောင် လာသည့် မော်တော်ယာဉ်သည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းဆေးရုံကြီးသို့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရောက်ရှိသည်။