မြို့သစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားကျိုးကျမှု ဖြစ်ပွား

တမူး   ဇူလိုင်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  တံတားကျိုးကျမှု ယနေ့ နံနက်(၈) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့၊ ဖိုင်လင်းကျေးရွာအုပ်စု၊ စေတီကျေးရွာအနီးရှိ တမူး-စေတီလမ်း မိုင်တိုင်အမှတ် (66)ကီလိုမီတာနှင့်(67)ကီလိုမီတာကြားရှိ(၁၃ ×၄၀)ပေရှိ ပတ်ချောင်း သစ်သားတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချဥ်းကပ်လမ်း မြေသားနံရံ ရေတိုက်စား၍ တံတားကျိုးကျမှု ဖြစ်ပွားခဲ့သည်။

 အဆိုပါ တံတားကျိုးကျမှုကြောင့်  လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်မှု မဖြစ်စေရေး အတွက် သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဖိုးကျော်