အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ တိုက်နယ်ဆေးရုံတွင် တက် ရောက်ဆေးကုမှုခံယူနေသော လူနာများအား ဖြည့်စွက် အာဟာရ များလှူဒါန်းခြင်းကို ပလောက်မြို့ ကမ္ဘာ့ရတနာဘဏ်မိသားစုနှင့် ကြယ်ကြယ် အလူမီနီယံ မိသားစုတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
Jul 23,2021
တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ   ကျန်းမာရေးစစ်ဆေးခြင်း၊ကုသခြင်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ ၂၀ ရက်နေ့အထိ Quarantine Centre (၁၀၂) ခု ၊ Positive Centre (၁၈ )ခု၊ ကုသရေး Centre  (၂၄ )ခု အထိ တိုးချဲ့ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)၊ တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ( အတွင်းရေးမှူး) ဗိုလ်မှူးကြီး ကျော်ဇေယျ၏ ပြောပြချက်အရ သိရှိရပါသည်။
Jul 23,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကောလင်းခရိုင် ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြုစနစ်ဖြင့်‌ ကျေးရွာလူထုအား စွမ်းဆောင် ရည်မြင့်မားစေရန်နှင့် ကျေးလက်ဒေသအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် Village Development Project ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို  ကျေးရွာပေါင်း ၂၅ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ကျေးရွာ ပေါင်း ၁၇ ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း  မြို့နယ်ကျေး လက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
Jul 23,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဉီးဆောင်ပြီး မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုဖြင့်၂၈-၆-၂၀၂၁ ရက်နေ့မှ ၂၂-၇-၂၀၂၁ရက်နေ့အထိ ပြည်သူများသို့ အခမဲ့ ဆန်ဖြန့်ဝေမှုကို ယမန်နေ့ကပြီးစီးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းထံမှ သိရပါသည်။
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  တံတားကျိုးကျမှု ယနေ့ နံနက်(၈) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် အောက်ဆီဂျင် လိုအပ်သူများအတွက် မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေများ ကောက်ခံလျက်ရှိရာ စေတနာရှင် အလှူရှင်များ၊ ဆရာတော်သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများက ပါဝင်လှူဒါန်းကြရာ ယနေ့အထိ ငွေကျပ် သိန်း ၆၀ ကျော်ခန့် အလှူခံရရှိပြီးဖြစ်ကြောင်း သိရသည်။
Jul 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေနှင့်မြစ်ရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ကားလမ်းပေါ်သို့ ရေကျော်လွှမ်းခဲ့ပြီး ကားလမ်းပေါ်ရှိတံတားတစ်စင်းမှာလည်း (၃)ပေခန့် ရေကျော်နစ်မြုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် မော်တော်ကားငယ်များ ဖြတ်သန်းသွားလာရန် မလွယ်ကူကြောင်းသိရသည်။