အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
ရန်ကုန်တောင်ဏိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်- (၁၉) ရောဂါ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  ယမန်နေ့ မွန်းလွဲပိုင်း က အဆိုပါ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
Jul 23,2021
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရေး ဆောင်ရန်/ ရှောင်ရန်များနှင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများအား ကုသရေးစင်တာများထား၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
Jul 23,2021
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေ၍ သက်ဆိုင်ရာ ကုသရေးစင်တာများ၊ ကန့်သတ်စောင့်ကြည့်ရေးနေရာများသို့ လျင်မြန်စွာ သယ်ယူပို့ ဆောင်ပေးနေလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅နာရီ၃၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ကိုးပင်ကျေးရွာအုပ်စု၊ တောင်ကုန်း ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
Jul 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ​ကော့ကရိတ်မြို့နယ်၊ ခရစ်ကျောက်တန်းကျေးရွာအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အမက (မူ / လွန်) စာသင်ကျောင်း သွပ်မိုး၊ အုတ်တိုက် အလျား (၆၀) ပေ၊ အနံ (၃၀)ပေ အဆောက်အဦးမှာ ယမန်နေ့ နံနက် ၇ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး (၄၀)ချပ်နှင့် ဒိုင်းမျှား (၄) ချောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၀၀)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရ သည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာရပ်ကွက်တွင် ဇူလိုင် ၂၁ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁)စုအတွက် အကျိုးခံစားခွင့်ကို ယမန်နေ့က မိသားစု၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။