တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး Centre များထပ်မံတိုးချဲ့ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ

 ထားဝယ်   ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ   ကျန်းမာရေးစစ်ဆေးခြင်း၊ကုသခြင်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ ၂၀ ရက်နေ့အထိ Quarantine Centre (၁၀၂) ခု Positive Centre (၁၈ )ခု၊ ကုသရေး Centre  (၂၄ )ခု အထိ တိုးချဲ့ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်() တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ( အတွင်းရေးမှူး) ဗိုလ်မှူးကြီး ကျော်ဇေယျ၏ ပြောပြချက်အရ သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့်ဇွန်လ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီးအတွင်း Quarantine Centre ပေါင်း (၄၁) ခု၊ အရေးပေါ် ကုသရေး Centre ပေါင်း (၂၀)ခု ထားရှိခဲ့သော်လည်းဇူလိုင်လ ၂၀ ရက်နေ့အထိ Quarantine Centre (၁၀၂) ခု Positive Centre (၁၈ )ခု၊ အရေးပေါ်ကုသရေး Centre  (၂၄ )ခုထိ လိုအပ်ချက်များအရ တိုးချဲ့ကာ အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ထားရှိသည့် Centre များနှင့် လူဦးရေဝင်ဆံ့မှူအနေဖြင့် ထားဝယ်ခရိုင်တွင် Quarantine Centre ပေါင်း () ခု လူဦးရေဝင်ဆံ့မှူ (၂၇၈ )ဦး၊Positive Centre  (၁၂) ခု ဝင်ဆံ့သူဦးရေ ၅၄၄ ဦး၊ အရေးပေါ် ကုသရေး Centre ပေါင်း ( )ခု ဝင်ဆံ့သူဦးရေ (၃၂၂) ဦး မြိတ်ခရိုင်တွင် Quarantine Centre ပေါင်း (၈၈) ခု လူဦးရေဝင်ဆံ့မှူ (၁၄၃၆) ဦး၊Positive Centre ( )ခု ဝင်ဆံ့သူဦးရေ ( ၃၃) ဦး၊ အရေးပေါ် ကုသရေး Centre ပေါင်း (၁၃ )ခု ဝင်ဆံ့သူဦးရေ (၁၃၃ )ဦး ၊ကော့သောက်းခရိုင်တွင်  Quarantine Centre ပေါင်း () ခု လူဦးရေဝင်ဆံ့မှူ (၃၂၅  )ဦး၊Positive Centre (   )ခု ဝင်ဆံ့သူဦးရေ (၁၁၅) ဦး၊ အရေးပေါ် ကုသရေး Centre ပေါင်း ( )ခု ဝင်ဆံ့သူဦးရေ( ၇၇ )ဦး ကို လုပ်ငန်းလိုအပ်ချက်များအရ တိုးချဲ့ကာ စီမံ ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။

မြင့်နိုင်စိုး