ပလောက်မြို့၊ တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား ဖြည့်စွက်အာဟာရများလှူဒါန်း

ပလောက် ဇူလိုင်  ၂၃

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ တိုက်နယ်ဆေးရုံတွင် တက် ရောက်ဆေးကုမှုခံယူနေသော လူနာများအား ဖြည့်စွက် အာဟာရ များလှူဒါန်းခြင်းကို ပလောက်မြို့ ကမ္ဘာ့ရတနာဘဏ်မိသားစုနှင့် ကြယ်ကြယ် အလူမီနီယံ မိသားစုတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ကမ္ဘာ့ရတနာဘဏ်မိသားစုနှင့် ကြယ်ကြယ်အလူမီနီယံ မိသားစုတို့က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပလောက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာ (၁၄) ဦးအတွက် ဖြည့်စွက်အာဟာရ အဖြစ်  ကြက်စွပ်ပြုတ် နှင့် BRAND'S ကြက်ပေါင်းရည်များ  လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

နှင်းမြူလွင်