အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရေး အလှူငွေများကို ဇူလိုင် ၂၃ ရက်က အလှူရှင်များ က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jul 24,2021
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်က မြဝတီကုန်သွယ်ရေး ဇုန်မှထွက်ခွါသွားကြောင်း သိရသည်။
Jul 24,2021
မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မကွေးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မကွေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jul 24,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Jul 24,2021
ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများ သိသင့် သိထိုက်သည်များသိရှိနိုင်စေရန် ဇူလိုင်လ ၂၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြအပ်ပါသည်။
Jul 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်နေသော အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူငွေများကို အလှူရှင်များက နောင်တရားတိုက်နယ်ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Jul 24,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယ​နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်တက္ကသိုလ်ရှိ (၁၀)မြို့နယ်ဆောင်သို့ ​ သွားရောက် ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကူညီ​ဆောင်ရွက်​ပေး​သည့် ပရဟိတလူမှု ကူညီကယ်ဆယ်​ရေးအဖွဲ့များနှင့် တွေ့ဆုံကာအား​ပေးစကား​ပြောကြား၍ အဆိုပါ အဖွဲ့များအတွက် PPE ဝတ်စုံများ အပါအဝင် ​ထောက်ပံ့​ရေးပစ္စည်း ကြက်ဥ၊ ​ခေါက်ဆွဲ​​ခြောက် စသည်တို့ကို ထောက်ပံ့​ပေးအပ်သည်။