ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင်စက်ဝယ်ယူရန်အလှူငွေများလှူဒါန်း

နောင်တရား   ဇူလိုင်  ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်နေသော အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူငွေများကို အလှူရှင်များက နောင်တရားတိုက်နယ်ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းက နောင်တရားမြို့ ရပ်ကွက်(၁)နေ ဦးစိုးဝင်းကျော်+ ဒေါ်အေးအေးကျော်တို့၏ သမီး မမေသဲအိမ် စွမ်းမဟာမိသားစုမှ အလှူငွေကျပ် နှစ်သိန်း ၊ ဦးစံမြ + ဒေါ်အေး မိသားစုမှ အလှူငွေ ငါးသောင်းကျပ်တို့ကို အောက်ဆီဂျင်စက် ဝယ်ယူရန်အတွက် နောင်တရားတိုက်နယ်ဆေးရုံသို့ လာရောက်လှူဒါန်းကြပြီး ယမန်နေ့တွင်လည်း ဦးကျော်သောင်း+ဒေါ်လွင်လွင်ပြုံးခိုင် မိသားစုမှ နှစ်သောင်းကျပ် နှင့် ဒေါ်နီလာ မိသားစုမှ ငါးသောင်းကျပ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။