မြဝတီ ဇူလိုင် ၂၄
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်က မြဝတီကုန်သွယ်ရေး ဇုန်မှထွက်ခွါသွားကြောင်း သိရသည်။
ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးတွင် အဓိက လိုအပ်လျှက်ရှိသည့် အောက်ဆီဂျင်အရည် တင်သွင်းလာမှုများအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန်ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိစေရေး လွယ်ကူလျှင်မြန်စွာဖြင့် လိုအပ်သည့်နေရာများသို့ ပို့ဆောင်ပေး နိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် Mask များ၊ အောက်ဆီဂျင်စလင်ဒါအိုးများ၊ Oxygen Concentrator များကိုလည်း လွယ်ကူ လျှင်မြန်စွာ ဖြင့် တင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်