Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ထားရှိနိုင်ရေး Positive Centre တိုးချဲ့စီစဉ်ဆောင်ရွက်ထားရှိ
Jul 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများ ထပ်တိုးလာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်သွားနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်း ကျေးရွာအနီးရှိ (AAE) မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးကုမ္ပဏီပိုင် အဆောက်အဦ(၄) လုံးအား Positive Centre အဖြစ် အသုံးပြုနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်၌ (၂၅)ကုတင်ဆံ့ တာမခန်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်
Jul 25,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာ၌ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
Jul 25,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Jul 25,2021
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မြှင့််စစ်ဆေးဆောင်ရွက်
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ စျေးဆိုင်များ သို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 24,2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် မောင်တောမြို့နယ်၊ တောင်ပြိုလက် ဝဲမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအမ်းဇော်မိုးနှင့် ကော်မတီဝင်များ၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းမှ တာဝန်ရှိသူများ၊ သတင်းတပ်ဖွဲ့၊ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့များက ယမန်နေ့ညနေ ၂ နာရီ အချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ စျေးဆိုင်များသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များလှူဒါန်းသည့် အောက်ဆီဂျင်အိုးများ နေ့စဉ်ရောက်ရှိ
Jul 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များမှလှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို မြဝတီမြို့ ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၂၂ရက်နေ့မှစ၍ နေ့စဉ်သွားရောက်ထုတ်ယူရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Stay at Home အစီအစဉ် အရ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပြည်သူများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်
Jul 24,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ နေအိမ်တွင် နေထိုင်ရေး (Stay at Home) တွင် အကျုံးဝင် သည့် ပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များ နှင့်အညီ လိုက်နာခြင်း ရှိ / မရှိ ယမန်နေ့ နေ့လည်ပိုင်းက မြို့ဝင် / မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Oxygen Plant၊ Oxygen Concentrator Oxygen Cylinder များ အပါအဝင် အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများ၊ ပစ္စည်းကိရိယာမျာ…
Jul 24,2021
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အရ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)နှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးများသို့ သွားရောက်ပြီး Oxygen Plant၊ Oxygen Concentrator Oxygen Cylinder များ အပါအဝင် အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းကိရိယာများ သိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်းကို ယမန် နေ့လည် ၁၁နာရီမှ နေ့လည် ၂နာရီထိ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25984
Page
25985
Page
25986
Page
25987
Current page
25988
Page
25989
Page
25990
Page
25991
Page
25992
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department