ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အလှူငွေများလှူဒါန်း

ကျိုင်းတုံ ဇူလိုင် ၂၄
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရေး အလှူငွေများကို ဇူလိုင် ၂၃ ရက်က အလှူရှင်များ က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
 
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဂေါက်သီးရိုက် အသင်း (ကျိုင်းတုံ)မှ ငွေကျပ် ၈ သိန်း၊ ဦးစိုင်းအောင်မိုင်း (ရွှေမိုးကုန်စုံဆိုင်)မှ ငွေကျပ် ၁၀ သိန်း၊ ဦးအားလောက် သွပ်ပြားနှင့် လိပ်တံခါးစက်ရုံ(ကျိုင်းတုံ)မှ ငွေကျပ် ၆ သိန်း ဦးကျဟယ်(ရွှေခါနာန်)မိသားစုမှ ငွေကျပ် ၆ သိန်း၊ ဒေါက်တာ M ဇော်လတ်နှင့် နန်းစံခမ်း(YURIMIKO Morning Co.Ltd)မှ ငွေကျပ် ၃ သိန်းကို ဇူလိုင် ၂၃ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကုသရေး ကော်မတီထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
 
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကူးစက်မှုနှုန်မြင့်မားမှုနှင့် ပြင်းထန်မှုပေါ် မူတည်ပြီး အောက်ဆီဂျင် လိုအပ်လာနိုင်၍ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်က်နိုင်ရေးဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အဖွဲ့အစည်းများက အလှူငွေများ ပါဝင်လှူဒါန်းလျက်ရှိပြီး အဆိုပါ အောက်ဆီဂျင်စက်ရုံကို သြဂုတ်လ၊ ပထမအပတ်အတွင်း တည်ဆောက်နိုင်ရေး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
 
အောင်ဇင်မြင့်