ဖားကန့် ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာ၌ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဆေးရုံကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြင်ပ ဆရာဝန်(၁)ဦး၊ ကျန်းမာရေးဌာနမှ သူနာပြု(၂)ဦး၊ ဟောင်ပါးကျေးရွာအုပ်စုအုပ်ချုပ်ရေး အဖွဲ့ များ၊ ရပ်မိရပ်ဖများ၊ နယ်မြေခံကြက်ခြေနီတပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းစဉ် များကိုဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လအတွင်း၌ ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံနှင့် (၂၅)ကုတင်ဆံ့ တာမခန်တိုက်နယ်ဆေးရုံများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်းရှိနေသည့်ဆေးရုံများကို လည်း မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)