Stay at Home အစီအစဉ် အရ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပြည်သူများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်

ပုသိမ်ကြီး  ဇူလိုင် ၂၄

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ နေအိမ်တွင် နေထိုင်ရေး (Stay at Home) တွင် အကျုံးဝင် သည့် ပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များ နှင့်အညီ လိုက်နာခြင်း ရှိ / မရှိ ယမန်နေ့ နေ့လည်ပိုင်းက မြို့ဝင် / မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်အဆင့်ရှိဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပုသိမ်ကြီးမြို့နယ်အတွင်း ပြည်သူများ ဝင်ထွက်သွားလာရာတွင်ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးထားသော ပြင်ပထွက်ခွာခွင့်ကတ်ပြားပါရှိခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (mask)များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ပုသိမ်ကြီးမြို့ဝင် / မြို့ထွက်ဂိတ်များတွင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန် / ဆက်