မိုင်းဖြတ် ဇူလိုင် ၂၄
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မြှင့််စစ်ဆေးဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင် ရေးအတွက် မြို့အဝင်/ထွက် ဆိုက်ခေါင်ဂိတ်တွင် ကာကွယ်တားဆီးရေးလုပ်ငန်းများကို နံနက်(၆)နာရီမှ ည(၉)နာရီထိ နေ့စဉ်အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ဝင်/မြို့ထွက် ဆိုက်ခေါင် ကိုဗစ်စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ အလှည့်ကျ တာဝန်ချစနစ်ဖြင့် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပြီးကြောင်းလက်မှတ်ပါ မပါစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းထားရှိခြင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် Stay at Home သတ်မှတ်ထားသောမြို့နယ်မှ ဝင်ရောက်လာသူများအား RDT Test Kit ဖြင့်စစ်ဆေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
မိုင်းဆတ်မြို့ ဆိုက်ခေါင် ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှစ်ဦးအား RDT Test Kit ဖြင့် စစ်ဆေးစဉ်ပိုးတွေ့ရှိခဲ့ပြီး ဇူလိုင်လ(၈)ရက်နေ့မှ(၂၄)ရက်နေ့အထိ စုစုပေါင်းကိုဗစ်အတည်ပြုလူနာ(၁၀)ဦး ရှိပြီး Home Quarantine ထားရှိသူ(၈)ဦးရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။
သတင်းပေးပို့သူ-မြင့်မောင်