မန္တလေး ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အရ ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)နှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးများသို့ သွားရောက်ပြီး Oxygen Plant၊ Oxygen Concentrator Oxygen Cylinder များ အပါအဝင် အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းကိရိယာများ သိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်းကို ယမန် နေ့လည် ၁၁နာရီမှ နေ့လည် ၂နာရီထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ချမ်းအေးသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့ဝင် ဗိုလ်မှူး အေးလင်းထွန်း၊ အဖွဲ့ဝင် မြို့နယ်လဝကမှူး ဦးအောင်ကျော်ဦး၊ အတွင်းရေးမှူး မြို့နယ်ရဲအပ်ဖွဲ့မှူး ရဲမှူးသန်းဇော်လေးတို့ပါဝင်သော အဖွဲ့သည် ဆေးရုံများတွင်ရှိသော Oxygen Plant ၊ အောက်စီဂျင်ထုတ်လုပ်သည့်စက်၊ Oxygen Concentrator၊ Oxygen Cylinder (40L) အိုး၊ အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းကိရိယာများအား စနစ်တကျ ထားရှိပြီး နေ့စဉ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် စနစ်တကျ အသုံးပြုလျှက်ရှိမှု စသည်တို့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်