တောင်ပြိုလက်ဝဲ ဇူလိုင် ၂၄
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် မောင်တောမြို့နယ်၊ တောင်ပြိုလက် ဝဲမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအမ်းဇော်မိုးနှင့် ကော်မတီဝင်များ၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းမှ တာဝန်ရှိသူများ၊ သတင်းတပ်ဖွဲ့၊ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့များက ယမန်နေ့ညနေ ၂ နာရီ အချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ စျေးဆိုင်များသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါအဖွဲ့တို့သည် တောင်ပြိုလက်ဝဲမြို့မစျေးနှင့် ရပ်ကွက်များ အတွင်းရှိ စျေးဆိုင်များ၊ စားသောက်ဆိုင်ရောင်းချနေသည့် ဆိုင်ရှင်များနှင့်လမ်းသွားလာ ပြည်သူ များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက် များဖြစ် သည့် စျေးဆိုင်များရောင်းချသည့်အခါ ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန်၊ မိမိတို့၏စျေးဆိုင်ရှေ့၌ ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည်များထားရှိကြရန်၊ လက်ဆေးပါဆိုင်းဘုတ် ကလေးများ ချိတ်ဆွဲထားရန် စသည့်အကြောင်းအရာများအား ပြည်သူအများ ပိုမိုသိရှိစေပြီး လိုက်နာဆောင် ရွက်ကြရန် ဆိုင်တစ်ဆိုင်ချင်းစီအား ကွင်းဆင်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
မြို့နယ်(ပြန်/ဆက်)