အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်‌ပေါ်လာစေရန်အတွက် မအီမြို့၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုများ သိရှိလိုက်နာရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော အမိန့်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအနှံ့ လှည့်လည်အသိပေး လှုံ့ဆော်ကြေညာခဲ့ကြသည်။
Jul 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)  မူဆယ်မြို့တွင် ဇွန်လဆန်းပိုင်းမှ ကိုဗစ်၁၉ကူးစက်ခံသူ တိုးလာပါသဖြင့် လက်ရှိQuarantine Centre နေရာ(၃)နေရာဖြစ်သော ခရိုင်ပြည်သူ့ဆေးရုံ၊ ကုတင်၂၀၀ဆန့်ဆေးရုံသစ်၊  တရုတ်စာသင်ကျောင်းတို့တွင် အခန်းလုံလောက်မှုမရှိတော့သဖြင့် နေရာအသစ်နှင့်ကုတင်များ  လိုအပ်လျက်ရှိလာပါသည်။
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မလိုအပ်ပဲ ပြင်ပထ္ပက်ခြင်းများအား မရှိစေရေးအတွက် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထိပ်တွင် နေအိမ်ပြင်ပ သွားလာသူများအား သွားလာခွင့်ကတ်ဖြင့်သာ သွားလာနိုင်စေရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဇူလိုင်လ၂၀ရက်နေ့မှစ၍ ယနေ့ထိ မိုးများအဆက်မပြတ် သည်းထန်စွာ ရွာသွန်းလျက်ရှိသဖြင့် အတ္ထရံမြစ်ရေ မြင့်တက်ကာ ချောင်းနှစ်ခွကျေးရွာ အနိမ့်ပိုင်းရှိ အိမ်ခြေတစ်ရာခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Jul 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်ခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaing ပြုလုပ်ခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့အဝင်လမ်းမဟာကံကြီးရှင် ဘုရား ရှေ့နှင့် လမ်းဆုံ လမ်းခွများ၊ ကားဂိတ်များ၌ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သောမင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၌  ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန် ချက်များအား အသိပညာပေးဆော်သြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အသံချဲ့ စက်ဖြင့် အသိပညာပေးဆော်သြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနှင့် ဟဲယာရွာမတိုက်နယ်ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉လူနာများအနက် ကျန်းမာရေးကောင်းမွန်လာသူ (၂၅)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ ဆေးရုံများမှ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Jul 26,2021
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများအား ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံတွင် ပြုလုပ်သည်။