မူဆယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဇွန်လဆန်းပိုင်းမှ ကိုဗစ်၁၉ကူးစက်ခံသူ တိုးလာပါသဖြင့် လက်ရှိQuarantine Centre နေရာ(၃)နေရာဖြစ်သော ခရိုင်ပြည်သူ့ဆေးရုံ၊ ကုတင်၂၀၀ဆန့်ဆေးရုံသစ်၊ တရုတ်စာသင်ကျောင်းတို့တွင် အခန်းလုံလောက်မှုမရှိတော့သဖြင့် နေရာအသစ်နှင့်ကုတင်များ လိုအပ်လျက်ရှိလာပါသည်။
ထို့ကြောင့် မူဆယ်ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၏ စီစဉ်ရွေးချယ် သတ်မှတ်မှုဖြင့် ရွှေနန်းတော်ခရီးသွားစင်တာ အဆောက်အဦးတွင်Quarantine Centre ဖွင့်လှစ်နိုင်ရေးကို ၁၆.၇.၂၀၂၁ရက်နေ့က လမ်းညွန်ချက်အရ စတင်ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် ကူးစက်ခံလူနာ ၂၀၀ဦးစာအဆင်သင့် နေနိုင်ပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုရွှေနန်းတော်ခရီးသွားစင်တာ Quarantine Centre အသစ်တွင် ရေ၊ မီး မိလ္လာစနစ် ကောင်းမွန်သဖြင့် ဆက်လက်ပြင်ဆင်ပြီးပါက ကူးစက်ခံလူနာ ၆၀၀ဦးကို စနစ်တကျ ထားရှိနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
အယ်လ်စိုး(မူဆယ်)