ကျောက်တော်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရန် Mask Campaing ပြုလုပ်ဆောင်ရွက်

ကျောက်တော် ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်ခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaing ပြုလုပ်ခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့အဝင်လမ်းမဟာကံကြီးရှင် ဘုရား ရှေ့နှင့် လမ်းဆုံ လမ်းခွများ၊ ကားဂိတ်များ၌ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်းကာ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် လမ်းသွား/လမ်းလာ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် အငှား ယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင် သွားလာကြရန်နှင့် နှာခေါင်းစည်း (Mask)မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း ( Mask ) ခုရေ (၈၀၀) ခန့်အား အခ မဲ့ဖြန့်ဝေပေးခဲ့ပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို ဒဏ်ကြေး ငွေ(၅၀၀)ကျပ်အားပေး ဆောင်စေခြင်းနှင့် (Mask) နှစ်ခုအားပေးအပ်ပြီး တစ်ခုဝယ်၊ တစ်ခုအပိုပေးအပ်ကာ ထပ်မံမလိုက်နာသူများအား အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း