အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင် လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် မှီခိုသူများအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြုလုပ်ခြင်းကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဆောင်ရွက်ခဲ့ကြသည်။
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကူးစက်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် သွားလာရေး Mask Campaign လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။
Jul 26,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်​နေ့နံနက်၉နာရီခွဲက ​မော်လမြိုင်မြို့၊ ​ကျောက်တန်းစက်ရုံစု၌ ကိုဗစ်-၁၉ ပိုး​တွေ့လူနာများအတွက် လိုအပ်သည့် ​အောက်စီဂျင် အရည် များကို ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်​မှုဖြင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ​ဆောင်ရွက်​သည့် မွန်ပြည်နယ်အတွက် ပထမဦးဆုံးအကြိမ် Liquid Oxygen (၅)တန်ဆန့်ယာဉ်အား ကိုးကန့်လူမှုဖွံ့ဖြိုး​ရေးအသင်းမှ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ​ပြန်လည်​ပေးအပ်ခဲ့သည်။
Jul 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ပြည်သူများအနေဖြင့် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေ ရေးနှင့် အမှန်တကယ် လိုအပ်နေသူများ လက်ဝယ်ရရှိစေရေးတို့အတွက် ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Jul 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် ချောင်းလက် တက်များနှင့် ဇမိမြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သည့် လူနေအိမ်များသို့ ရေများဝင်ရောက် နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၈၈)စုမှာ ရေဘေးရှောင် စခန်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သိရသည်။
Jul 26,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များသည် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မူလာရှီးဒီ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် Quarantine Center များအား ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 26,2021
သံတွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သံတွဲခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးလှုံ့ဆော်လျက်ရှိကြောင်း  သိရသည်။ 
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ် (၄)ရပ်ကွက် ဆံတော်ရှင်ဘုရားသွားလမ်း မိုင်တိုင် အမှတ်(၃)မိုင်(၁)ဖာလုံ မြေနိမ့်ပိုင်းနေရာလမ်းပေါ်၌ ဇူလိုင်လ(၂၃)ရက် နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထားဝယ်မြစ်ရေတဖြည်းဖြည်းထပ်မံလျှံ တက်လျက်ရှိကြောင်း သိရသည်။