မြောက်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် အသိပညာပေးဆော်သြ

မြောက်ဦး  ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သောမင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၌  ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန် ချက်များအား အသိပညာပေးဆော်သြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အသံချဲ့ စက်ဖြင့် အသိပညာပေးဆော်သြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆော်သြရာတွင် မိဘပြည်သူများအနေဖြင့် မိမိနိုင်ငံတွင်လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ရောဂါ ဆိုးကြီးလျှင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေသဖြင့် လူအများဒုက္ခ ဆင်းရဲမှုများဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျက်ရှိရာ ထိုသို့ကူးစက်ဖြစ်ပွားမှုကို လျော့နည်း စေရန်နှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးပြီး ပြည်သူများမှပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကိုလျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာနေထိုင် ကြရန်၊ သို့မှသာရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ကာကွယ် နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နေအိမ်တွင်  ပြင်ပမှလာသောဧည့်သည်များအား လက်မခံကြ ရန်နှင့် မဖြစ်မနေ အိမ်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင် ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေထိုင်ပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ကြပါရန်စသည့်အချက်များအား  အသိပညာပေးဆော်သြခြင်း များ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ လမ်းဆုံ၊ လမ်းခွများ၊ လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဆော်သြခြင်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)၊