အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၃ ရက် က ဌာနဆိုင်ရာ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အရာတော်မြို့၊ ပြည်သူ့ဆေးရုံ  ဆာဆာကာဝါခန်းမတွင် ကျင်းပသော အရာတော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
Jul 26,2021
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
Jul 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မိုင်းယောင်းနှင့် မိုင်းယုမြို့မှ အလှူရှင်များက အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က လာရောက်လှူဒါန်းကြောင်း သိရသည်။
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) အင်းတိုင် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်စက်သစ်အား ပေးအပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်းသိရသည်။
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အရာတော်မြို့၊ ပြည်သူ့ဆေးရုံ  ဆာဆာကာဝါခန်းမတွင် ကျင်းပသော အရာတော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဝေဒနာရှင်များ အောက်ဆီဂျင်များ လုံလောက်စွာရရှိရေးအတွက် အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။