ပူတာအိုမြို့နယ်၌ မူလာရှီးဒီပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် Quarantine Center များအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဇူလိုင် ၂၆
 
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များသည် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မူလာရှီးဒီ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် Quarantine Center များအား ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
 
ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများသည် မူလာရှီးဒီပူးပေါင်း စစ်ဆေးဂိတ်တွင် မြစ်ကြီးနား-ပူတာအိုခရီးသည်အဝင်အထွက် စာရင်းပြုစု ထားရှိမှုအခြေအနေများ၊ အပူချိန်တိုင်းတာပေးနေမှုများနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ က မူလာရှီးဒီပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
 
ဆက်လက်၍ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသွားအလာ ကန့်သတ် စောင့်ကြည့်ခံသူများထားရှိသည့် အိုးအိမ် Quarantine Center နှင့် ပိုးတွေ့ လူနာများထားရှိသည့် အစိုးရနည်းပညာအထက်တန်းကျောင်း Quarantine Center သို့ ရောက်ရှိလာရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က Quarantine Center တွင် ထားရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များနှင့် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက Quarantine Center များတွင် တာဝန်ထမ်းဆောင်ကြသော ပရဟိတအဖွဲ့အစည်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ သည်။
 
ပူတာအိုမြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာပေါင်း(၆၂)ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၂၄)ဦးနှင့် သေဆုံးသူ(၁)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။