ကလိန်အောင်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆံတော်ရှင်ဘုရားသွားလမ်းပေါ်သို့ မြစ်ရေထပ်မံ လျှံတက်မှုဖြစ်ပွား

 ကလိန်အောင် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ် (၄)ရပ်ကွက် ဆံတော်ရှင်ဘုရားသွားလမ်း မိုင်တိုင် အမှတ်(၃)မိုင်(၁)ဖာလုံ မြေနိမ့်ပိုင်းနေရာလမ်းပေါ်၌  ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထားဝယ်မြစ်ရေတဖြည်းဖြည်းထပ်မံလျှံ တက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြစ်ရေလျှံတက်မှုအခြေအနေမှာ ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၉)နာရီ တိုင်းတာချက်အရ အမြင့်(၄)ပေ ခန့်နှင့် အလျား(၂၈၀)ပေခန့် မြင့်တက်လာမှု ကြောင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန် ကလိန်အောင်အောင်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းနှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ ကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကလိန်အောင်