မော်လမြိုင် ဇူလိုင် ၂၆
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်၉နာရီခွဲက မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစု၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အောက်စီဂျင် အရည် များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှဆောင်ရွက်သည့် မွန်ပြည်နယ်အတွက် ပထမဦးဆုံးအကြိမ် Liquid Oxygen (၅)တန်ဆန့်ယာဉ်အား ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မော်လမြိုင်အထွေထွေရောဂါကုပြည်သူ့ဆေးကြီးရှိ Isolation Ward- 1၊ Isolation Ward- 3၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးသူများကိုထောက်ပံ့ရေးပစ္စည်း များပေးအပ်သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် လိုအပ် သည့် အောက်စီဂျင်များ၊ ကျန်းမာရေးသုံး ပစ္စည်းများအပြင် အခြားလိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါ ပိုးတွေ့လူနာများ ထားရှိရာနေရာများဖြစ်သည့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ Isolation Ward-1၊ Isolation Ward- 3၊ မော်လမြိုင် တက္ကသိုလ် (၁၀) မြို့နယ်ဆောင်၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတို့တွင်လည်း တပ်မတော် ဆေးဘက်ဆိုင်ရာ သမားတော်များ၊ ကျန်းမာရေးဦးစီးဌာနမှဆရာဝန်များ၊ ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသကဲ့သို့ ပြင်ပပုဂ္ဂလိက ဆေးရုံများမှဆရာဝန်များ၊ သူနာပြုများကလည်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။