အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် ယမန်နေ့နံနက် ၇ နာရီ အချိန်မှစတင်၍ အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများကို မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အ ထောက်အကူအဖွဲ့၏ ကြီးကြပ်မှုဖြင့်  နေရာ(၅)နေရာခွဲ၍ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ ပင်စင်လစာငွေထုတ်ယူသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းကစ၍ ကေတုရတနာခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားဘဏ် တာဝန်ခံထံမှသိရသည်။
Jul 27,2021
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့တွင်းလမ်းမကြီးတစ်လျှောက် ၌ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်ရေမြောင်းဖုံးများကို မြို့နယ်လမ်းဦးစီးဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jul 27,2021
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲမှ  ယမန်နေ့ နံနက် ၈နာရီမှ စတင်၍ မိဘပြည်သူပင်စင်စားကြီးများ၏ပင်စင်လစာများကို ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် အညီ   မြို့နယ်ဘဏ်ခွဲမန်နေဂျာဦးအောင်မိုးနှင့် ဝန်ထမ်းများကတက်ညီလက်ညီ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
Jul 27,2021
 ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် မြို့နယ် စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်က  ပြည်သူ့ဆေးရုံဝန်ထမ်း(၄၇)ဦး အတွက် အခြေခံစားသောက် ကုန်(၄)မျိုးကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလှိုင်လ တတိယပါတ်မှစတင်၍ မိုးများ သည်းထန်စွာ ရွာသွန်းနေမှုကြောင့် ယနေ့ နံနက် ၁၁နာရီအချိန်ခန့်မှစ၍သာရဘွင် ကျေးရွာအုပ်စု -သာရဘွင်ချောင်းရေလျှံမြင့်တက်နေသဖြင့် သာရဘွင်ရွာမနှင့်သာရဘွင် အရှေ့ကမ်းကျေးရွာသို့ ဆက်သွယ်ပေးထားသည့် အရှည် (၁၀၀)ပေ၊ အကျယ် (၁၄)ပေရှိ သံကူကွန်ကရစ် သာရဘွင်ချောင်းကူးတံတားပေါ်သို့ (၃ပေ)ခန့်ရေကျော်လျှက်ရှိကြောင်း သိရှိရသည်။