မိုင်းပန်မြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက် ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်ရေမြောင်း ဖုံးဆောင်ရွက်

မိုင်းပန် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့တွင်းလမ်းမကြီးတစ်လျှောက် ၌ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်ရေမြောင်းဖုံးများကို မြို့နယ်လမ်းဦးစီးဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် မြို့တွင်းလမ်းမကြီးတစ်လျှောက် ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်ရေ မြောင်းဖုံး ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးနိုင်လင်းခိုင်မှ ဦးဆောင်၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၁၄၈.၃၄ဝ) သန်းဖြင့် 131.100km-131.500km အတွင်း၌ မီတာ (၄ဝဝ) အားလည်းကောင်း ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံ ငွေ (၂၂၅.၆ဝဝ) သန်းဖြင့် 130.700km-131.100km အတွင်း၌ မီတာ (၄ဝဝ) တို့အား  နှစ်ဖက်ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်ရေမြောင်းဖုံး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ (၁၅.၁၅) သန်း ဖြင့် 130.600km-130.700km အတွင်း၌ (၅၄) မီတာ (ညာ)ခြမ်း ကျောက်စီရေမြောင်းနှင့် ကွန်ကရစ် ရေမြောင်းဖုံးတို့အား ဆောက်ရွက်ပြီးစီးကြောင်းနှင့် မြို့တွင်းတွင် ဆောင်ရွက်ရန်ကျန်ရှိနေသည်များကို နောင်ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် လျာထားလျက်ရှိကြောင်း  သတင်းရရှိသည်။