ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် အခြေခံစားသောက် ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်

 

ပန်းတနော်  ဇူလိုင် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် မြို့နယ် စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်က  ပြည်သူ့ဆေးရုံဝန်ထမ်း(၄၇)ဦး အတွက် အခြေခံစားသောက် ကုန်(၄)မျိုးကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် အခြေခံစားသောက်ကုန်(၄)မျိုးဖြစ်သောဆန်(၅)အိတ်၊ ကြက်ဥ (၃၀၀) လုံး၊ ဆီ (၁၀) ပိဿာ၊ ကြက်သွန်နီ (၂)အိတ်ပါဝင်ပြီး စုစုပေါင်းတန်ဖိုး လေးသိန်းခန့်ရှိသည်ဟု သိရသည်။

 

အဆိုပါလှူဒါန်းမှုကို ပြည်သူ့ဆေးရုံဝန်ထမ်းများကိုယ်စား မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့‌ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)