တောင်ငူ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ ပင်စင်လစာငွေထုတ်ယူသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းကစ၍ ကေတုရတနာခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားဘဏ် တာဝန်ခံထံမှသိရသည်။
တောင်ငူ၌ ပင်စင်လစာငွေထုတ်ယူသူများအနေဖြင့် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်း ၊ အဝင်ဝတွင် လက်သန့်ဆေးရည်များ ၊ လက်ဆေးဘေစင်များ ထားရှိကာ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း၊ ယခင်တောင်ငူမြန်မာ့စီးပွားဘဏ်၌ ထုတ်ယူခြင်းအစား အချိန်တိုအတွင်း မြန်ဆန်စွာ ထုတ်ယူနိုင်ရန် ကေတုရတနာခန်းမ၌ စီစဥ်ဆောင်ရွက်ထားကြောင်း ၊ ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးအတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်သည့်ရက်များတွင်ထုတ်ယူနိုင်ရေးအတွက် စီစဥ်ထားကြောင်း တောင်ငူမြန်မာ့စီးပွားဘဏ် တာဝန်ခံထံမှ သိရသည်။