ကျိုက်မရော၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကျိုက်မရော    ဇူလိုင် ၂

 


မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ မန်နေ့ နံနက် နာရီမှစတင်ကာပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာများထုတ်ပေးရာ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အဖွဲ့များခွဲကာ မြန့်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ကူညီဆောင်ရွက်ပေးကြောင်း၊ အချိန်နှင့်တစ်ပြေးညီလစာငွေရရှိရေးထုတ်ပေးလျက်ရှိကြောင်း၊  အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကိုမထိခိုက်စေရန်အတွက်နေ့စဉ် ဘဏ်ဖွင့်ချိန်အတွင်း နံနက်၈ နာရီမှညနေ ၂ နာရီအထိထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရန်အခက်အခဲရှိသည့်အငြိမ်းစားများအားကိုယ်စားလှယ်လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်းမြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေရျာဒေါ်မာမာခိုင်ထံမှသိရသည်။


   ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)