ကန်ကြီးထောင့် ဇူလိုင် ၂၇
မိဘပြည်သူပင်စင်စားကြီးများအနေဖြင့် တချို့မှာ လစဉ်ပင်စင်ထုတ်ယူခြင်းမရှိ သော် လည်း တချို့ပင်စင်စားများကမူ လစဉ်ပင်လစာအားထုတ်ယူသုံးစွဲနေရသူများဖြစ်သည်။
ယခု ကာလတွင် ကျန်းမာရေးအားအထူးဂရုပြုနေရသော အချိန်ဖြစ်သည့် အတွက် လူကြီးများအနေဖြင့် ၄င်းတို့၏ ပင်စင်လစာငွေလေးများ လက်ထဲကိုင်ထားချင်ကြကြောင်း နှင့် မိသားစုသားသမီးများထံတွင်လည်း ယခုလိုကြပ်တည်းနေကြ ချိန် ဒုက္ခမပေးချင်ကြောင်း၊ယခုလိုအကြပ်အတည် အခက်အခဲကြားမှပင်စင်လစာများကို ထုတ်ပေး နေသော မန်နေဂျာနှင့်၀န်ထမ်းများကို ကျေးဇူးတင်ကြောင်း ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦး၏ ပြောကြားချက်အရသိရသည် ။
ဒေါ်ဇင်မာ