Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး ဘားအံပညာရေးဒီဂရီကောလိပ်တွင် ကိုဗစ်လူနာများကုသရေးစင်တာ ဖွင့်လှစ်နိုင်ပေးရေး ကြည့်ရှုစစ်ဆေး
Jul 27,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်း က ဘားအံပညာရေးဒီဂရီကောလိပ်၊ ကြာအင်းဆောင်အား ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများကုသရေးစင်တာ အဖြစ် ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း နေအိမ်များသို့ ရေများ ဝင်ရောက်
Jul 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်း လာမှုကြောင့် ဒိုင်းကျိုင်းချောင်းနှင့်မဲပရချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိCOVID-19(Possitive)လူနာများအားအစာ၊အာဟာရနှင့် သောက်ရေသန့်ထောက်ပံ့လှူဒါန်း ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၌ သရက်ချောင်းတပ်နယ်အရာရှိ စစ်သည်မိသားစုများမှCovid-19 Possitiveလူနာများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နေ့နံနက် ၁၀ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်အတွင်းလိုအပ်လျက်ရှိသောပြည်သူများထံအောက်ဆီဂျင်များဆက်လက်ဖြန့်ဝေ
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ရောဂါ ကာ ကွယ်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက် (၂၃)ရပ်ကွက်နှင့်ကျေးရွာ(၄)ရွာအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏စီမံမှုဖြင့် ရရှိလာသော Oxygen(၄၀)လီတာအိုးအလုံး(၄၀)အား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်၊ ကျေးရွာများအလိုက် Oxygen အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူများထံ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှစတင်၍ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသလေရှီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့၌ ယနမန်နေ့နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့တွင်းလှည့်လည် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်င…
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖြင့် ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင်မိုးအဆက်မပြတ်ရွာသန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး မြို့အတွင်းသို့ ရေများဝင်ရောက်
Jul 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နံနက်၈နာရီက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ် (၅၁၈) စင်တီမီတာသို့ကျော်လွန်ကာ (၆၂၀)စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ကျိုက်ဒုံမြို့အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်သို့ ရောက်များဝင်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ သံတွဲမြို့နယ်အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့မျ…
Jul 27,2021
သံတွဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ မြို့နယ် အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25962
Page
25963
Page
25964
Page
25965
Current page
25966
Page
25967
Page
25968
Page
25969
Page
25970
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department