ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် ယမန်နေ့နံနက် ၇ နာရီ အချိန်မှစတင်၍ အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများကို မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အ ထောက်အကူအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေရာ(၅)နေရာခွဲ၍ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်များကို ရွှေပြည်သာအောက်ဆီဂျင်စက်ရုံမှ ၂၅-၇-၂၀၂၁ ရက်နေ့ည(၁၁:၀၀) အချိန်တွင်(၄၀)လီတာအောက်ဆီဂျင်အိုး (၁၅)အိုးထုတ်ယူရရှိခဲ့ပြီး ၊ မြို့နယ်အတွင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊(၉၃)ရပ်ကွက်မိုးသခင်ပရဟိတအသင်း ၊5B ပရဟိတအသင်း ၊ (၉၀)ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံး ၊ ကိုးသုံးမေတ္တာပရဟိတ အသင်းတို့မှ နေရာ(၅)နေရာခွဲ၍ အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများကို အခမဲ့ဖြန်ဝေပေးနေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ မှ အဖွဲ့၀င်(၂)ဦးလှကြည်ထံမှ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင်မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီကိုဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့်ခရိုင် အစီအစဉ်ဖြင့် ဖြန့်ဝေပေးသော အောက်ဆီဂျင်အိုးများ ကို မြို့နယ်အတွင်း အမှန်တကယ်လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ဆက်လက်၍ အောက်ဆီဂျင်အိုးများ အဓိကထား ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဲ့လဲ့