အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထဲမှ လူနာ ( ၇ )ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့်အတွက် ဇူလိုင် ၂၅ ရက်နေ့က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်တွင် ဒုတိယအကြိမ်အဖြစ် ကျွန်းစုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက် (၂) ရက် ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
Jul 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့လယ်မီးပွိုင့်လမ်းဆုံ အနီးပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတဥက္ကဋ္ဌ ဦးအောင်သူရက Facility Quarantine Centre များတွင် Volunteer ဆောင်ရွက် နေသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအသုံး ပြုရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်းသိရသည်။
Jul 26,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် သတ်မှတ်ထားသည့် ညွှန်ကြားချက်များလိုက်နာကြရေးအတွက် နေအိမ်တွင် နေထိုင်ရေး(Stay at Home)အဖြစ် ဇူလိုင်၇ရက် မှစတင်ထုတ်ပြန်ကြေညာပြီးနောက်ပြည်သူများ နေအိမ်ပြင်ပေဈေးဝယ်သွားလာရာတွင်ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု၊နှာခေါင်းစည်းတပ်ဆင် ထားမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက်၉နာရီကမုပွန်ရပ်ကွက် လမ်းမကြီးတစ်လျှောက်၌ လမ်းသွား/လမ်းလာပြည်သူများ၊ ယာဉ်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့က အဖွဲ့များခွဲကာ ပူးပေါင်းစစ်ဆေးသည်။
Jul 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19 (Positive)လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါန လှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံတို့၌  ဆောင်ရွက်ခဲ့သည်။