တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေသဖြင့် သာရဘွင်ချောင်းရေလျှံပြီး တံတား ရေကျော်မှုဖြစ်

တနင်္သာရီ ဇူလိုင်၂၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလှိုင်လ တတိယပါတ်မှစတင်၍ မိုးများ သည်းထန်စွာ ရွာသွန်းနေမှုကြောင့် ယနေ့ နံနက် ၁၁နာရီအချိန်ခန့်မှစ၍သာရဘွင် ကျေးရွာအုပ်စု -သာရဘွင်ချောင်းရေလျှံမြင့်တက်နေသဖြင့် သာရဘွင်ရွာမနှင့် သာရဘွင် အရှေ့ကမ်းကျေးရွာသို့ ဆက်သွယ်ပေးထားသည့် အရှည် (၁၀၀)ပေ၊ အကျယ် (၁၄)ပေရှိ သံကူကွန်ကရစ် သာရဘွင်ချောင်းကူးတံတားပေါ်သို့ (၃ပေ)ခန့်ရေကျော်လျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သာရဘွင်ချောင်းကူးတံတားပေါ်သို့ဇူလှိုင်လ၂၅ရက်နေ့က ၆လက်မခန့်သာ မြစ်ရေ ကျော်ခဲ့ပြီး မိုးများ ဆက်တိုက်ရွာသွန်းနေမှုကြောင့် ယခုကဲ့သို့ (၃)ပေခန့်အထိ မြစ်ရေမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားပြည်သူများနှင့် မော်တော်ဆိုင်ကယ်ဖြင့်သွား လာသူများအား ခရီးသွားလာမှုပြတ်တောက်မှု မရှိစေရေးနှင့်အန္တရာယ် ကင်းရှင်းစွာဖြတ်သန်း သွားနိုင်ရန် အတွက် သာရဘွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောစပါယ်နှင့်အဖွဲ့ဝင်များမှ စက်လှေငယ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း