Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောက်မြို့ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 28,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ယမန်နေ့နံနက်၁၀နာရီအချိန်က ဆေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ ချောက်မြို့မ ရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်…
Jul 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကျော်သူအောင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့နည်း စေရေးအတွက် အများပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာ စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အောင်ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးနှင့် နေပြည်တော်ကောင်စီလမ်း၊ စစ်ဆေးရေးဂိတ်တို့တွင် (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ…
Jul 27,2021
မေး။ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ များနှင့် သံသယရှိသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်ပေး နေတယ်ဆိုတာသိပါရစေ။
အပြည့်အစုံ ဖတ်ရန်
တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတား ချောင်းရေတိုက်စား မှုကြောင့် ပြိုကျပျက်စီးမှု ဖြစ်ပွား
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်သုံးလုံး -ဟိန္ဒါးကား လမ်းပေါ်ရှိကျေးရွာချင်းဆက်ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့ကချောင်းရေ တိုက်စားမှု ကြောင့်ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒ…
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန် က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လိုအပ် သော Liquid Oxygenနှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအထောက်အကူပစ္စည်းမ…
Jul 27,2021
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လို အပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအထောက် အကူပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမျူးချုပ်ဒေါက်တာထွန်းမင်း၊ အလူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောက်ဆီဂျင်စက်ရုံ ထားရှိမည့် အဆောက်အဦတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှူ စစ်ဆေး
Jul 27,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ထွန်း၊ နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်ရန် အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာ ထုတ်ပေးနိုင်သည့် စက်ရုံထားရှိနိုင်ရေးအတွက် အဆောက်အဦ တည်ဆောက်နေမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလ…
Jul 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25949
Page
25950
Page
25951
Page
25952
Current page
25953
Page
25954
Page
25955
Page
25956
Page
25957
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department