အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူပြုစေရန်အတွက် ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိ (ဂျိုးတောင်) မှလှူဒါန်းသော မြို့နယ်ပြည်သူ့ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၅ လုံး ဂျိုးတောင် တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး ၄၅လုံး သည် ယမန်နေ့က ဝန်းသိုမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
Jul 27,2021
 မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၂၆ ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင်တောင်မြေပြိုကျမှု များဖြစ်ပေါ် ခဲ့ပြီး မြေပြိုကျခြင်းကြောင့်အမျိုးသမီးတစ်ဦးပျောက်ဆုံးပြီး အဆိုပါမိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက်(၁၀)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေ;အပ်ခဲ့သည်။
Jul 27,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇူလိုင် ၂၆မှစ၍ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2021
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဇူလိုင်၂၅ရက်က စတင်ထိုးနှံပေး ခဲ့ပြီး ယနေ့နံနက်၉နာရီကလည်းမြို့နယ်အတွင်းရှိဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ အတွင်း  ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စုနှင့် ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု(၄၇၅)စုအတွက် အိမ်ထောင် စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၉၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ဝက်သားဗူး(၁)ဗူး၊ဆပ်ပြာမုန့်(၁)ထုပ် နှင့် ဆေးဝါးကဒ်(၂)ကဒ်စီတို့အား ပင်လုံမြို့ ငွေပင်လုံ ကုမ္ပဏီမိသားစုတို့မှ ယမန်နေ့က သွားရောက်၍ထောက်ပံ့ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်မှစ၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
Jul 27,2021
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူ(၁၁၆)ဦးကို ဆေးထိုးနှံပေး
Jul 27,2021
မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းလာ စေရေး၊ ပိုမိုကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် Positive Centre များ ထပ်မံဖွင့်လှစ်ထားရှိနိုင်မည့် နေရာများ အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။