ချောက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ယမန်နေ့နံနက်၁၀နာရီအချိန်က ဆေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ ချောက်မြို့မ ရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးပြည့်ကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်းအဖွဲ့သည် ချောက်မြို့ရှိ ဆေးဆိုင် များအား ကောင်းမွန်သောကျင့်စဉ်နှင့်အညီ ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ဆေးဝါးများစသည့်ကုန်စည်များအား စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့်အကြောင်းအရာတို့ကို ဆေးဝါးများ ရောင်းချသည့် ဆေးဆိုင်ရှင်များ လိုက်နာ ဆောင်ရွက်ရန်အချက်များကိုလည်း ရှင်းလင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)